မိုင်းနောင် သြဂုတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများ၊ လူကုန်ကူးမှု အန္တရာယ် စုပေါင်းကာကွယ်နှင့် ကိုဗစ်-၁၉ ရောဂါ မကူးစက်ရေး မိမိကစ၍ ကာကွယ်ပေး အသိပညာပေးနံရံကပ်စာစောင်များကို ပြည်သူများ လာရောက်လေ့လာ နိုင်ရန် ပြသပေးလျက် ရှိသည်။
ထိုသို့ပြသရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မဲဆန္ဒရှင်များ သိရှိလေ့လာရမည့် အကြောင်းအရာအချက်အလက်များ၊ လူကုန်ကူးမှုအန္တရာယ် တားဆီး ကာကွယ်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများအပြင် လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထုများ၏ အားကိုရယူ၍ စုပေါင်းကာကွယ်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်သော သက်ကြီးဘိုးဘွားများ ထောက်ပံ့ရာတွင် သိရှိရမည့်အကြောင်းအရာများ၊ ကိုဗစ်-၁၉ ရောဂါ မကူးစက်ရေး မိမိကစ၍ ကာကွယ်ပေး အသိပညာပေးစာစောင်များ ပြသပေးထားရာ ဌာနဆိုင်ရာများ၊ ပြည်သူလူထုများနှင့် စာဖတ်ပရိသတ်များ၊ စာဖတ်ခန်းလာရောက်အသုံးပြုသော ကျောင်းသား/သူများ လာရောက် လေ့လာ ကြည့်ရှုကြပါကြောင်း သိရှိရသည်။
မိုင်းနောင် (ပြန်/ဆက်)