ကျိုင်းတုံ ဩဂုတ် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ကတ်တောင်ကျေးရွာအုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား များအား နိုင်ငံတော်မှထောက်ပံပေးအပ်သော ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်း က ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းရွှေအောင်၊ ကတ်တောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုင်းရှဲန်နှင့် တာဝန်ရှိသူများက ကတ်တောင်ကျေးရွာအုပ်စုရှိ ဟိုဝိန်း၊ ယန်းဆော်၊ ဝမ်ကန်း၊ ဟွေပွန်း၊ ပါဆမ်၊ ဟိုနား၊ ကတ်တောင်းနှင့် ယန်းဟုတ်ကျေးရွာများရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု စုစုပေါင်း (၆၇)စုအတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၃၄၀၀၀၀ ခန့်ကို လိုက်လံပေးအပ်ခဲ့ကြသည်။
အလားတူ ကျိုင်းတုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ (၃၈)အုပ်စုမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၉၅၄၄) စုအတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၉၀၈၈၀၀၀၀)အား သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံပေးအပ်ခဲ့ကြကြောင်း သိရ သည်။
ထိုပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ပထမအကြိမ်အခြေခံစားသောက်ကုန် (၅)မျိုး ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း၊ ဒုတိယအကြိမ် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိသည့် အိမ်ထောင်စုများအား ငွေကျပ် (၁၅၀၀၀)စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ တတိယအကြိမ် တစ်အိမ်ထောင်လျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ပေးအပ်ခဲ့ပြီး ယခုတစ်အိမ်ထောင်စုလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်ရခြင်းဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)