မိုင်းလုံ ဩဂုတ် ၁၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့အတွင်းရှိ ၂၀၁၀ ပြည့်နှစ်၊ စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် ဩဂုတ်လအတွင်း မွေးဖွားကြသူဖြစ်ပြီး အသက်(၉) နှစ်မှ (၁၀)နှစ်အထိ မိန်းကလေးများကို မိုင်းလုံ တိုက်နယ် ကျန်းမာရေးဌာနတွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းအတွက် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ (၂၀-၈-၂၀၂၀) ရက်နေ့ နောက်ဆုံးထား၍ သတင်းပေးပို့ သွားကြရန်နှင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို စက်တင်ဘာလတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စန္ဒာ (မိုင်း လုံ ပြန်/ဆက်)