မြစ်သား သြဂုတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက စာရေးဆရာများနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များသည် နေရှင်နယ်ပရဟိတကျောင်းမှ ကျောင်းသားများနှင့် တွေ့ဆုံပြီး စာဖတ်ရှိန်မြင့်မားလာစေရန်နှင့် စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရန်နှင့် အတွေးအခေါ်ပိုမိုရင့်သန် လာစေရန် ရည်ရွယ်ပြီး စာရေးဆရာအောင်သင်း၏ "ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ" စာအုပ်အား စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်မြမြမွန်က စာဖတ်ဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပါသည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဦးသန်းထွန်း (မောင်ဥသြညောင်ပင်သာ)က ပညာရေးစနစ်အောင်မြင်ဖို့အတွက် အထောက်အကူလုပ်ငန်းတစ်ခုအဖြစ် စာဖတ်ဝိုင်းများဆောင်ရွက်ရခြင်းဖြစ်ကြောင်း လူတိုင်းလူတိုင်း၏ ရည်မှန်ချက်ထဲမှာ သြဇာရှိဖို၊ အာဏာရရှိဖို့၊ ပစ္စည်းဥစ္စာချမ်းသာဖို့နှင့် ပိုင်ဆိုင်ဖို့အတွက် ရည်မှန်းချက်ကိုယ်စီထားရှိသင့်ကြောင်း၊ မိမိရှာဖွေသည့် စီးပွားရေးလုပ်ငန်းသည် ကောင်းမွန်တဲ့အသက်မွေးဝမ်းကျောင်းဖြစ်ဖို့လိုအပ်ကြောင်း ဆွေးနွေးပြီး၊ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး (ကဗျာဆရာမ) ခင့်မိုးခင်က ယနေ့ခေတ်မှာ လူတိုင်းလူတိုင်းက အများအကျိုးအတွက် ပရဟိတစိတ်ထားတွေ ထက်သန်လာကြောင်း၊ ကိုယ့်ရည်မှန်းချက်အသုံးချတဲ့အခါ စေတနာမှန်ဖို့လိုကြောင်း၊ စိတ်ယဉ်ကျေးမှု ဘယ်လောက်ကောင်းကောင်း ရုပ်ယဉ်ကျေးမှုမတိုးတက်လို့ရှိလျှင် စိတ်ယဉ်ကျေး မှုပျက်တတ်ကြောင်းကိုလည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ကျောင်းသားများက သိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြမြမွန်(ပြန်/ဆက်)