ပုလော သြဂုတ်လ ၁၇
ပုလောမြို့နယ်၊ ကိုဗစ်−၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် ပါ၀င်ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့၀န်ထမ်း ဦးဆောင် (Volunteer) အဖွဲ့အား အမျိုးသားအဆင့် စေတနာ၀န်ထမ်း ဦးဆောင်အဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပေးအပ်သော အသိအမှတ်ပြုဂုဏ်ပြုလွှာ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခွဲက ပုလောမြို့၊ မကျည်းကုန်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေ့ဦးစွာ ပုလောမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က ကိုဗစ်−၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့အချိန်ထိ အားသွန်ခွန်စိုက်ကူညီဆောင်ရွက်ပေးခဲ့သော စေတနာ့၀န်ထမ်းဦးဆောင်သော (Volunteer) အဖွဲ့အား အထူးကျေးဇူးတင်ဂုဏ်ပြုပါကြောင်း၊ နောင်တွင်လည်းလိုအပ်ပါက ယခုကဲ့သို့ ဆောင်ရွက်ပေးစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားအဆင့် စေတနာ့၀န်ထမ်းဦးဆောင်အဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပေးအပ်သော အသိအမှတ်ပြု ဂုဏ်ပြု မှတ်တမ်းလွှာများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်က ပေးအပ်ခဲ့ရာ ပုလောမြို့နယ်တွင် ကိုဗစ်−၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များတွင်ပါ၀င်ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့၀န်ထမ်း ဦးဆောင် (Volunteer) များဖြစ်သည့် မေတ္တာရှင်ပရဟိတအသင်း၊ ဟိတကာရီအသင်း၊ ကုက္ကိုလ်ရိပ်အသင်း၊ ငုရွှေဝါအသင်း၊ တို့မြို့သာယာတို့၀န်တာအသင်းနှင့် မြ၀တီမိသားစုအသင်း အဖွဲ့(၆)ဖွဲ့နှင့် စေတနာ့၀န်ထမ်း (Volunteer) (၅၁၉) ဦးကိုယ်စား ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ရင်ထိုးတံဆိပ်များ၊ Mask၊ Hand Gel များကို အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းသူထွန်းတို့က လက်ခံခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော ပြန်/ဆက်)