ဇလွန် သြဂုတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ် ၈ လုံး၊ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၀ လုံး ပြိုကျပျက်စီးခြင်းနှင့် ၉ လုံး အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့သော အိမ်ထောင်စုဝင်များအား ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကယ်ဆယ်ရေးရန်ပုံငွေ ထောက်ပံ့ပေးအပ်ရာတွင် ဇလွန်မြို့နယ် ကြာအင်းကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာ အုပ်စုတို့တွင် သြဂုတ်လ ၁၃ ရက်နေ့တွင် မြစ်ကမ်းပါး ပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ် ၈ လုံးအတွက် နေအိမ် ၁ လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ၁၀၀၀၀၀ နှုန်းဖြင့် ငွေကျပ် (၈၀၀၀၀၀)၊ ဆန်ရိက္ခာ တစ်ပတ်စာ အတွက် တစ်ဦးလျှင်ငွေကျပ် ၂၁၀၀ နှုန်းဖြင့် စုစုပေါင်း လူဦးရေ ၄၃ ဦးတို့အတွက် ဆန်ရိက္ခာ ထောက်ပံ့ ငွေကျပ် ၉၀၃၀၀ ၊ စုစုပေါင်း ထောက်ပံငွေကျပ်(၈၉၀၃၀၀)၊ သြဂုတ်လ ၁၅ ရက်နေ့တွင် တောင်ပို့တစ်ရာ ကျေးရွာအုပ်စု၊ ဖားလက်ခိုကျေးရွာအုပ်စု၊ လိန်ကုန်းကျေးရွာအုပ်စု၊ အရှေ့လေးတူး ကျေးရွာအုပ်စု၊ မဟာသာကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာအုပ်စုတို့တွင် လေပြင်း တိုက်ခတ်မှုကြောင့် ပြိုကျအိမ် ၁၀ လုံးအတွက် နေအိမ် ၁ လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ၁၀၀၀၀၀ နှုန်းဖြင့် ငွေကျပ် (၁၀၀၀၀၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး၊ အမိုးလန်အိမ် ၉ လုံးအတွက် နေအိမ် ၁ လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ၃၀၀၀၀ နှုန်းဖြင့် ငွေကျပ် (၂၇၀၀၀၀)၊ ဆန်ရိက္ခာ တစ်ပတ်စာအတွက် တစ်ဦးလျှင်ငွေကျပ် ၂၁၀၀ နှုန်းဖြင့် စုစုပေါင်း လူဦးရေ ၇၆ ဦးတို့အတွက် ဆန်ရိက္ခာ ထောက်ပံ့ငွေကျပ် (၁၅၉၆၀၀)၊ စုစုပေါင်း ထောက်ပံငွေကျပ် (၁၄၂၉၆၀၀ )တို့အား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်၊ ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းသီတာနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)