ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများအား ငါးသားပေါက်ပေးအပ်

ဒီးမော့ဆို ဩဂုတ်

နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွာရေးထိခိုက်မှု သက်သာရေးစီမံချက် (Economic Relief Plan –CERP) Action Plan အရ ကယား ပြည်နယ်အတွင်း ငါးမွေးမြူရေးလုပ်ငန်း ပြန်လည်ထူထောင်ရာတွင် အထောက်အပံ့ ဖြစ်စေရန်အတွက် ငါးသားပေါက်များ ဖြန့်ဖြူး ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် နာရီက ဒီးမော့ဆို မြို့နယ်ကျွန်းတောကျေးရွာ ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပေးအပ်ပွဲတွင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုက နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့်  ကယားပြည်နယ်အတွင်းရှိ ငါးမွေးတောင်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် စီးပွားရေးအကျပ် အတည်းများနှင့် အခက်အခဲ များအား လျော့ပါးသက်သာစေပြီး ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေး အတွက် ယခုလို ငါးသားပေါက်များ ပံ့ပိုး ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးညွန့်ဝင်းက ငါးသားပေါက်များ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား ပြီး တက်ရောက်လာကြသော ပြည်နယ်ဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဒီးမော့ဆိုမြို့နယ်ရှိ ဘုရားဖြူကျေးရွာ၊ ကျွန်းတော ကျေးရွာနှင့် သာယပ်ကျေးရွာတို့မှ ငါးမွေးတောင်သူ(၂၅) ဦး၊ ငါးမွေးကန် ၂၃၀ ဒသမ ၁၃ ဧကအတွက် ငါးမြစ်ချင်း ငါးသားပေါက် (၂၅၃၁၄၃) ကောင်၊ ငါးခုံးမကြီး ငါးသားပေါက် (၁၃၈၀၇၈) ကောင်၊ ရွှေဝါငါးကြင်းငါးသားပေါက် (၂၃၀၁၃) ကောင်နှင့် မြက်စား ငါးကြင်း ငါးသားပေါက် (၄၆၀၂၆) ကောင်၊ စုစုပေါင်း ငါးသားပေါက် ကောင်ရေ (၄၆၀၂၆၀) ကို ပေးအပ်ရာ ငါးမွေး တောင်သူများက လက်ခံ ရယူကြကြောင်း သိရသည်။

ယခု ငါးသားပေါက်များ ထောက်ပံ့ပေးအပ်မှုသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကယားပြည်နယ် အတွင်း ငါးမွေးကန်လိုင်စင် ရယူခဲ့သော ငါးမွေးတောင်သူများဖြစ်ပြီး တစ်ဧကလျှင် ငါးသားပေါက်ကောင်ရေ (၂၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကာ ဒေသခံများ ကြိုက်နှစ်သက်သည့် ငါးမျိုးစိတ်များဖြစ်စေရေး အတွက် ကယားပြည်နယ်၊ ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ညှိနှိုင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ရီရယ်(ပြန်/ဆက်)