ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၆၆)ဦးအား လားရှိုးမြို့မှ တစ်ဆင့် သက်ဆိုင်ရာဒေသသို့ ဆက်လက်ပို့ဆောင်

လားရှိုး        ဩဂုတ် ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ ၏ ကြီးကြပ် မှုဖြင့် မူဆယ်မြို့ ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့ များရှိ  နှစ်နိုင်ငံ နယ်စပ် ဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံမှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှ တစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ (၆)ရက်နေ့မှ စတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာတွင် နှစ်နိုင်ငံနယ်စပ်ဂိတ်များမှ တစ်ဆင့်ဝင်ရောက်လာ သည့် နေရပ်ပြန် ပြည်သူများကို  စနစ်တကျစိစစ်၍ လားရှိုးမြို့အထိ မော်တော်ယာဉ်များဖြင့် လွှဲပြောင်း ပို့ဆောင် ပေးလျက်ရှိပြီး လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးသို့ မြန်မာ့မီးရထား ခရီးစဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ဩဂုတ်လ (၁၇)ရက်နေ့တွင် နေရပ်ပြန် ပြည်သူ အမျိုးသား  (၃၉)ဦး ၊ အမျိုးသမီး(၂၇)ဦး စုစုပေါင်း (၆၆)ဦးတို့အား စနစ်တကျ ထပ်မံလွှဲပြောင်း ပို့ဆောင် ပေးခဲ့သည်။

အဆိုပါ နေရပ်ပြန်ပြည်သူ (၆၆)ဦးတို့တွင် ချင်းပြည်နယ်မှ(၂)ဦး ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ (၅)ဦး၊  ပဲခူးတိုင်း ဒေသကြီးမှ (၃)ဦး ၊ မကွေးတိုင်းဒေသကြီးမှ (၁၇)ဦး ၊ မန္တလေးတိုင်းဒေသကြီးမှ(၂၄)ဦး ၊ ရခိုင် ပြည်နယ်မှ (၆)ဦး ၊ ဧရာဝတီတိုင်းဒေသကြီးမှ (၃)ဦး ၊ ရန်ကုန်တိုင်းဒေသကြီးမှ (၆)ဦးတို့ဖြစ်ကြပါသည်။ နှစ်နိုင်ငံနယ်စပ် ဂိတ်များမှ တစ်ဆင့်ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား သက်ဆိုင် ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ လွှဲပြောင်းပို့ဆောင်ပေးရာတွင် မေလ(၆)ရက်နေ့မှ ဩဂုတ်လ ( ၁၇ )ရက်နေ့အထိ အမျိုးသား (၉၂၅၄)ဦး ၊ အမျိုးသမီး (၅၇၁၈) ဦး  စုစုပေါင်း (၁၄၉၇၂) ဦးတို့ကို လွှဲပြောင်းပို့ဆောင် ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

နန်းသန္တာဦး (ပြည်နယ်/ ပြန်ဆက်)