မိုးနဲမြို့ တည်ဆောက်ရေး လုပ်ငန်းများကြည့်ရှုစစ်ဆေး

မိုးနဲ မတ် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော နမ့်စန်-မိုးနဲ-မိုင်းတုံ - မိုင်းဆတ် (ပြည်ထောင်စုလမ်း)နှင့် အခြေခံပညာ အထက်တန်းကျောင်း (မိုးနဲ) နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုတို့အား စီမံကိန်းစိစစ်ရေး‌နှင့် တိုးတက်မှု အစီရင်ခံရေး ဦးစီးဌာန(နေပြည်တော်) ညွှန်ကြားရေးမှူး ဒေါ်အေးအေးဝင်း၊ လင်းခေးခရိုင် လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဝင်း၊ ခရိုင်စီမံကိန်းဦးစီးမှူး ဦးကျော်သူရ နှင့် မိုးနဲမြို့နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီမှ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်က ရောက်ရှိစစ်ဆေးခဲ့ကြောင်းသိရသည်။