ရွှေသောင်ယံ ဩဂုတ် ၁၇
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ယနေ့ နေ့လယ် ၁ နာရီက Book Club၊ Youth Club အဖွဲ့ဝင်များနှင့် စာရေးဆရာ ကျော်ဝင်း ရေးသားသော နှစ်ဆယ့်တစ်ရာစု သားရွှေဥ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြသည်။
စာဖတ်ဝိုင်းတွင် ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်မှ စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းသည်။
ဦးစီးမှူးနှင့် Book Club၊ Youth Club အဖွဲ့ဝင်များမှ စာအုပ်ပါ အကြောင်းအရာများကို တစ်ဦးချင်း အလှည့်ကျ အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ကိုကိုမောင် (ပြန်/ဆက်)