ဟင်္သာတ ဩဂုတ် ၁၇
ဟင်္သာတမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ထရိုင်ဂိုဂရားမားဥကပ်ပါးနဂျီ(ပထမ)အကြိမ် လွတ်ခြင်းနှင့် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၈ နာရီတွင် မြို့ကွင်းကျေးရွာအုပ်စု စံပြစက်မှု လယ်ယာဧက(၁၀၀) မျိုးစေ့ထုတ်စိုက်ခင်းတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဧက(၁၀၀)စိုက်ခင်းတွင်ပါဝင်သည့် တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးမင်းလွင်ဦး အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ပိုးမွှားတာဝန်ခံ ဒေါ်ချိုချိုမာနှင့် ကွင်းဝန်ထမ်းများက ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီကောင် များ၏ အခြေခံသဘောတရားနှင့် ဥကပ်ပါးနဂျီ ဖြစ်စဉ်များ၊ ဖြုတ်ပိုးအန္တရာယ် ကာကွယ်နှိမ်နင်းခြင်း နည်းလမ်းများ၊ ကန္တရနှံကောင် ကျရောက်ဖျက်ဆီးမှု သိမှတ်ဖွယ်ရာများကို အသိပညာပေး ရှင်းလင်းဟော ပြောခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ မွေးမြူပေးပို့သော ထရိုင်ဂိုဂရားမား ဥကပ်ပါးနဂျီကဒ်များကို စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ၊ ကွင်းဝန်ထမ်းများနှင့် မျိုးစေ့ထုတ်တောင်သူများ ပူပေါင်းပြီး အဆိုပါ စံပြကွက် မျိုးစေ့ထုတ်စိုက် ခင်းများတွင် (ပထမ)အကြိမ်လွှတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)