ပန်ဆိုင်း ဩဂုတ် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့တွင်းရှိ အသက်(၁၈)နှစ်ပြည့်သူများကို ယနေ့နံနက်(၁၀)နာရီ က ပန်ဆိုင်း(ကြူကုတ်)မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးသည်။
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအ တွက် အသက်(၁၈)နှစ်ပြည့်သည့် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုင်ဆောင်ပြီး မဲပေးပိုင်ခွင့် များ မဆုံးရှုံးစေရေးအတွက် ပန်ဆိုင်း(ကြူကုတ်)မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးအရာရှိ ဦးဝင်းတင့် ဦးဆောင်သည့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်း၍ စိစစ်ဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး ပန်ဆိုင်း(ကြူကုတ်)မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့ဦးစီးဌာနရုံးမှ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသည့် နိုင်ငံသားတိုင်းအတွက် ရပ်ကွက်/ ကျေးရွာများအလိုက် ဆက်လက်ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းမိုးခိုင်(ပြန်/ဆက်)