လယ်ဝေး ဩဂုတ် ၁၇
နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ အဆင်ပြေရန်အလို့ငှာ တတိယအကြိမ် ထောက်ပံ့ငွေများ ကို ယမန်နေ့ နံနက်ပိုင်းမှစ၍ လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများက အိမ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထောက်ပံ့ငွေများကို လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဩဂုတ် (၁၅)ရက်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းရွှေနှင့် ကော်မတီဝင်များက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြ သည်။
ထိုသို့ ထောက်ပံ့ငွေများ ပေးအပ်ရာ၌ လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်(၇)ခုနှင့် ကျေးရွာအုပ်စု (၆၀)တို့၏ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၅၃၅၄၂)စုကို တစ်အိမ်ထောင် လျှင် ထောက်ပံ့ငွေ(၂၀၀၀၀) ကျပ်စီ စုစုပေါင်း သိန်း(၁၀၇၀၈၄၀၀၀၀) ကျပ်ကို ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
နေဇော်ချစ်(ပြန်/ဆက်)