မိုင်းရယ်မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်း

မိုင်းရယ်    သြဂုတ်    ၁၇

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတကာ စံချိန် စံညွှန်းများနှင့်အညီ ပွင့်လင်းမြင်သာစွာ ကျင်းပပြုလုပ်သွားနိုင်ရန်အတွက် မြို့နယ် ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ် ညှိနှိုင်းရေးကော်မတီကို ယနေ့နေ့လယ် (၁)နာရီက မိုင်းရယ် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းပွဲတွင် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ ခွဲ ဉက္ကဋ္ဌ  ဦးစိုင်းသိန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မိုင်းရယ်မြို့နယ် ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နန်းစုနိုင်ဦးက မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းရခြင်းအား ရှင်းလင်းပြောကြားသည်။

မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်းရခြင်းမှာ ရွေးကောက်တင် မြှောက်ခြင်း ဆိုင်ရာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အငြင်းပွားမှု/ပြဿနာတစ်စုံတရာ ပေါ်ပေါက် လာပါက အချိန်မီ ဖြေရှင်းဆောင်ရွက်သွားရန်အတွက် ဖွဲ့စည်းခြင်းဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် များနှင့် မြို့နယ် အတွင်း ရွေးကောက်ပွဲဝင်ရောက်သည့် ပါတီနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်တစ်ဦးစီ၊ မြို့နယ်အတွင်း သြဇာတိက္ကမ ရှိသူ (၅)ဦးနှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတို့ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်