ဟိုပုံး ဩဂုတ် ၁၇
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေ စေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဟိုပုံး မြို့နယ်တွင် အခြေခံ လူတန်းစားများအား နိုင်ငံတော်အစိုးရက စတုတ္ထအကြိမ်ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ယနေ့ နံနက် ၁၀ နာရီ အချိန်မှစတင်၍ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟိုပုံးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၂ အုပ်စုမှ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများ၊ လက်လုပ်လက်စားများ၊ မသန်စွမ်းသူများနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် နေရာ များမှ အိမ်ထောင်စု (၄၅၃၇)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂ဝဝဝဝ/ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၉၀,၇၄၀,၀၀၀)ကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးနန်းတင့် နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူး နှင့် စာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)