နမ္မတူမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၁၇၀၃)စုအတွက် နိုင်ငံတော်မှ တတိယအကြိမ် ထောက်ပံ့ငွေကျပ် (၃၄၀၆၀၀၀၀)ကျပ် ထောက်ပံ့ပေးအပ်

နမ္မတူ    ဩဂုတ် ၁၇

နမ္မတူမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု (၁၇၀၃)စုအတွက် နိုင်ငံတော်မှ တတိယအကြိမ် ထောက်ပံ့ငွေကျပ် (၃၄၀၆၀၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀)နာရီ အချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန် ဝင်ငွေမရှိတဲ့ အခြေခံအိမ်ထောင်စုများ အဆင်ပြေစေရေးအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀) ကျပ်နှုန်းဖြင့် တတိယအကြိမ် ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေများအား နမ္မတူမြို့နယ် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်အောင်ဖြိုးနှင့် တာဝန်ရှိသူများက နမ္မတူမြို့နယ် အတွင်းရှိ အခြေခံအိမ်ထောင်စု (၁၇၀၃)စုအတွက် တစ်အိမ်ထောင်လျှင် (၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၃၄၀၆၀၀၀၀)ကျပ်အား ဆက်လက်ထောက်ပံ့ပေးအပ်နိုင်ရေး ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့သည်။

၂၀၂၀ပြည့်နှစ်တွင် နမ္မတူမြို့နယ်အတွင်း ပထမအကြိမ်အနေဖြင့် အခြေခံစားသောက်ကုန် ပစ္စည်းငါးမျိုးကို အခြေခံအိမ်ထောင်စုပေါင်း (၁၁၉၂)စုအားလည်းကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိသော အခြေခံ အိမ်ထောင်စု (၅၁၁)စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၁၅၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၇၆၆၅၀၀၀)ကျပ်အား လည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် အခြေခံအိမ်ထောင်စု (၁၇၀၃)စု အတွက် တစ်အိမ် ထောင်လျှင် ငွေကျပ် (၂၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၃၄၀၆၀၀၀၀)ကျပ်အား လည်းကောင်း၊ ယခုတတိယအကြိမ်အဖြစ် အခြေခံအိမ်ထောင်စု (၁၇၀၃)စုအတွက် တစ်အိမ် ထောင်လျှင် ငွေကျပ် (၂၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၃၄၀၆၀၀၀၀)ကျပ်အား လည်းကောင်း ထောက်ပံ့ ပေးအပ် ခဲ့ကြောင်း နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရှိရသည်။

လူမော်(ပြန်/ဆက်)