ဟိုပုံးမြို့နယ် နောင်ခုံးကျေးရွာသို့ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

 

ဟိုပုံး ဩဂုတ် ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဟိုပုံးမြို့နယ်တွင်းရှိ ကျေးရွာများမှ ပြည်သူ များ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ၊ စာဖတ်ခြင်း အလေ့အ ထကောင်းများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီ အချိန်က  ဟိုပုံးမြို့နယ်၊ လွယ်အွန့် ကျေးရွာအုပ်စု၊ နောင်ခုံး ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများသည်  နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ ဟောပြောပွဲနှင့် နယ်လှည့် စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းခမ်းခြူး က ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါအသိပညာပေးသိကောင်းစရာများနှင့် ရာသီတုပ်ကွေး ရောဂါအကြောင်းကို ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကိုဗစ်-၁၉ ရောဂါ အသိ ပညာပေး ၊ ရာသီတုပ်ကွေးရောဂါအကြောင်းအသိပညာပေး ၊ ကလေးအလုပ်သမား ပပျောက်ရေး ၊ လူကုန် ကူးမှု အန္တရာယ်တားဆီး ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင် နှင့် စာအုပ်/စာစောင်များကို ကျေးရွာ ပြည်သူလူထုများက စိတ်ဝင်တစားလေ့လာ ဖတ်ရှုခဲ့ပြီး ကိုဗစ်-၁၉ ရောဂါမပြန့်ပွားဖို့ မိမိကစကာကွယ်စို့ သတင်းစကားလက်ကမ်းစာစောင်များနှင့် နှာခေါင်းစည်း (Mask)အခု(၅၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိသည်။

မြို့နယ်(ပြန်/ဆက်)