ပင်လုံမြို့ ရပ်ကွက်(၂)၌ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၅၂၇)စုအား ဒုတိယအကြိမ် ထောက်ပံ့ငွေပေးအပ်

ပင်လုံ    ဩဂုတ်    ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ ရပ်ကွက်(၂)၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ၏ အိမ်ထောင်စုများအား ဒုတိယအကြိမ်ငွေကြေးထောက်ပံ့ပေးအပ်ခြင်း ကို ယမန်နေ့နေ့လည် ၁ နာရီအချိန်က ပင်လုံမြို့ရပ်ကွက်(၂) အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ ပင်လုံမြို့ ရပ်ကွက်(၂)အုပ်ချုပ်ရေးမှူး ဦးစိုင်းရွှေထွန်း က ထောက်ပံ့ငွေ ပေးအပ်ရခြင်း ရည်ရွယ်ချက်၊ ထောက်ပံ့ငွေပေးအပ်ရာတွင် အခြေခံလူတန်းစားများ၏ လက်ဝယ်အရောက် ပေးပို့ရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားပြီး ရပ်ကွက်(၂)အတွင်း အိမ်ထောင်စုပေါင်း (၂၁၈၂)စုအနက် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား (၅၂၇)စုအတွက် သက်ဆိုင်ရာအခြေခံ လူတန်းစား  မိသားစုဝင်များထံသို့ ဒုတိယအကြိမ် လက်ဝယ်အရောက် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။    

ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား မိသားစုဝင်များ (၄၁၃)စုအား ယမန်နေ့က တစ်အိမ်ထောင်စုလျှင် ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် ဒုတိယအကြိမ် ပေးအပ်နိုင်ခဲ့ပြီး ကျန်ရှိ အိမ်ထောင်စုများအား ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပေးအပ်ရာ တွင် တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၀၅၄၀၀၀၀) ရှစ်ဆယ့် သုံးသိန်း ခြောက်သောင်းကျပ်အား အခြေခံလူတန်းစားများ လက်ဝယ်အရောက် ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက ဆက်လက်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

နန်းမြင့်မြင့်ဆွေ (ပင်လုံ၊ ပြန်/ဆက်)