သီပေါ သြဂုတ် ၁၈
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူထံသို့ စာအုပ်များလက်ဝယ်အရောက် သွားရောက် ငှားရမ်း ပေးခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီခွဲ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို ပြည်သူ့ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေဝါသနာရှင်များ စာအုပ်၊စာပေဖတ်ရှု လေ့လာနိုင်စေရန်၊ စာကြည့် တိုက်ကို ပိုမိုအသုံးပြုလာနိုင်စေရန်၊ စာဖတ်ရှိန်မြှင့်မားလာစေရန်တို့အတွက် ရည်ရွယ်၍ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနများသို့ သွားရောက် ငှားရမ်းပေးခဲ့သည်။
ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေးခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ ဌာနဆိုင်ရာရုံးများသို့ တစ်ပတ်လျှင်(၁)ကြိမ်ဖြင့် အလှည့်ကျအသစ်လဲလှယ်ငှားရမ်း ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)