မိုင်းလုံမြို့တွင် Mobile စနစ်ဖြင့် စာအုပ်စာအုပ်စာစောင်များ ငှားရမ်းခြင်းဆောင်ရွက်

မိုင်းလုံ   ဩဂုတ်   ၁၈

ပြည်သူများအသိပညာဗဟုသုတ တိုးပွါးလာစေရန်နှင့် အားလပ်သောအချိန်များ၌ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ မိုင်းလုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ၀န်ထမ်းများသည်  ယနေ့နံနက် ( ၉)နာရီခွဲ အချိန်က ဌာနဆိုင်ရာရုံးများသို့     Mobile  စနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းခြင်းကို ဆောင်ရွက်ခဲ့သည်။

ထိုသို့စာအုပ်စာစောင်များ ဌားရမ်းပေးရာတွင် ကိုဗစ်ကာလအတွင်း စာကြည့်တိုက်သို့ မလာနိုင် သည့် စာပေဝါသနာရှင်များနှင့် လုပ်ငန်းတဖက်နှင့် အသိပညာဗဟုသုတ ရှာဖွေလိုသူများ အတွက် စာအုပ်စာစောင်များကို ပြည်သူလက်ဝယ်အရောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ငှားရမ်းဆောင်ရွက်ပေးလျက်ရှိပြီး စာဖတ်သူ တိုးပွားရေးအတွက် အပတ်စဉ်စာအုပ်အသစ်များ လဲလှယ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စန္ဒာ(မိုင်းလုံ၊ ပြန်/ဆက်)