မိုင်းပျဉ်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပ

မိုင်းပျဉ်း   ဩဂုတ်   ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာတင်ဦး က  ကလေးသူငယ်များအားလုံး ဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် အနာဂတ်မှာ နိုင်ငံ့သားကောင်းရတနာများ ပေါ်ထွန်းလာရေး တို့အတွက် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးပေးကြရန် အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင် လူမှု ဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့် က ကလေးသူငယ်၏ အခွင့်အရေးများ ဆိုင်ရာ  အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ကလေးသူငယ် အခွင့်အရေးများနှင့် ပတ်သက် ၍ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကာကွယ် စောင့်ရှောက် ရေးလုပ်ငန်း၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ မသန်စွမ်းသူများ ပြုစုစောင့်ရှောက်ရေးလုပ်ငန်း၊ လူမှုကာကွယ်စောင့်ရှောက် ရေးလုပ်ငန်းစသည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသည့် ကော်မတီဝင်များက ကလေးသူငယ် အခွင့်အရေးများနှင့် ပတ်သက်၍ ပူးပေါင်းပါဝင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။

မေမွန်ထွဋ် (ပြန်ဆက်)