ချီဖွေမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် ဖြေဆို

ချီဖွေ  မတ်   ၁၃

တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက စတင်ကာ ချီဖွေမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။   

ယခုနှစ် တက္ကသိုလ်စာမေးပွဲ ဝင်ရောက်ဖြေဆိုရာတွင် ချီဖွေမြို့၌ ဝိပ္ပံဘာသာရပ်နှင့် ဝိဇ္ဇာဘာသာရပ်များသာ ဖြေဆိုသူရှိပြီး သိပ္ပံဘာသာရပ်နှင့် စိတ်ကြိုက်မြန်မာစာ ဘာသာရပ်များ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ မရှိကြောင်း စာရင်းရှိ ၁၂၀ ဦးဖြစ်ပြီး မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုသည့်နေ့တွင် ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၁၁) ဦး ဖြေဆိုခဲ့ကြသည်။

အဆိုပါစာမေးပွဲဝင်ရောက်ဖြေဆိုရာတွင် ကျား (၅၄)ဦး၊ မ(၅၇)ဦး ဖြေဆိုပြီး ပျက်ကွက်သူ ၉ ဦးရှိကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၉၂.၅ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးရုံးမှသိရှိရသည်။

ယနေ့သင်္ချာဘာသာ ဖြေဆိုရာတွင် ကျောင်းသား/ကျောင်းသူများ  အဆင်ပြေစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့၊ မြိုနယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဇင်မာဝင်း (ပြန်/ဆက်)