သီပေါ မတ် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ရှိ အ.ထ.က(၁) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ဖြေဆိုမှုကို ယနေ့နံနက် (၉) နာရီအချိန်က ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၇၂၂ ဦး ဆက်လက်ဖြေဆိုခဲ့ကြသည်။
သီပေါမြို့ အ.ထ.က (၁) စာစစ်ဌာနတွင် ဖြေဆိုသူစာရင်းရှိ (၇၈၁) ဦးဖြစ်ပြီး သင်္ချာဘာသာ ရပ်ဖြေဆိုသည့် တတိယနေ့တွင် အတွင်းဖြေ (၅၅၆) ဦး၊ အပြင်ဖြေ (၁၆၆) ဦး စုစုပေါင်း (၇၂၂) ဦး ဆက်လက်ဖြေဆိုခဲ့ကြကာ ပျက်ကွက်သူ အတွင်းဖြေ (၂၆) ဦးနှင့် အပြင်ဖြေ (၃၃) ဦး စုစုပေါင်း (၅၉) ဦး ပျက်ကွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ယာဉ်ထိန်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီသူနာပြုများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်၊ ဆူညံသံများ မဖြစ်ပေါ်စေရေးအတွက် ကြီးကြပ်ကူညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ)