သီပေါမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

သီပေါ  မတ် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများသည် အ.ထ.က(၁) စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ တတိယ နေ့ရက်ဖြစ်သော သင်္ချာဘာသာရပ်ဖြေဆိုမည့်နေ့တွင် ကျောင်းသား/ ကျောင်းသူ များအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်ငြိမ်းငြိမ်းပို ဦးဆောင်သော အဖွဲ့သည် ကျောင်းသား/ကျောင်းသူများအား အပူချိန်တိုင်းပေးခြင်း၊ ချောင်းဆိုးနေသည့် ကျောင်းသား/ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် Marks များ တပ်ဆင်ပေးခြင်း၊ ဖျားနာသူများအား ဆေးပေးခြင်းများနှင့် COVID-19 ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးအသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်း၊ Hand Gel  လက်သန့်စင်ဆေးရည်များဖြင့် လက်သန့်စင်စေခြင်းကို ပြုလုပ်ဆောင်ရွက်ပေး ခဲ့သည်။

အလားတူ သီပေါမြို့ မြို့လယ်ရပ်ကွက် ကောင်းမှုရှင်ပရဟိတအသင်းမှလည်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြသော ကျောင်းသား/ကျောင်းသူများ လိုအပ်ပါက အခမဲ့ယူဆောင်နိုင်ရန် ဘောပင်၊ ခဲတံ၊ ခဲဖျက်၊ ပေတံ စသည့် စာရေးကိရိယာများအား ကုသိုလ်ပြုလာရောက် ဒါနပြုပေးခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ)