မိုင်းဖြတ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး ကွင်းဆင်းစစ်ဆေး

မိုင်းဖြတ်   သြဂုတ်   ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုင်ဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းတိုက်ဆိုင် စစ်ဆေးခြင်းများကို ယမန်နေ့နံနက် ၉နာရီ က ရပ်ကွက်၊ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး သည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင် “မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေး ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းမြင့်နှင့်အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးနှင့်အဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆောင်သောအဖွဲ့ ခြောက်ဖွဲ့ကသက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် ပူးပေါင်းကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ် ကပ်ထားကြေညာရာတွင် မြို့နယ် အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ အခြားဒေသသို့  ပြောင်းရွှေ့သွားခြင်း၊ အခြားဒေသမှ မဲဆန္ဒရှင် များ မိမိဒေသသို့ ပြောင်းရွေ့ဝင်ရောက်လာခြင်း၊ မဲစာရင်းများကောက်ယူပြုစုစဉ် စာရင်း၌ ပါဝင်မှုမရှိခြင်း၊ အသက်(၁၈)နှစ်ပြည့်ပြီးသော်လည်း နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ် ရသေးသဖြင့် မဲစာရင်းကြေညာစဉ် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် မပါရှိသူများ စသည့် အချက်များကို တိုင်ဆိုင်စစ်ဆေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)