ကလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား ဒုတိယအကြိမ်ထောက်ပံ့ငွေ ပေးအပ်

ကလော   ဩဂုတ်  ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ  ကာလအတွင်း  ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စားဝတ်နေရေးအဆင်ပြေစေရေး အတွက် နိုင်ငံတော်အစိုးရ က ဒုတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၃နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦဇော်မင်းလတ် က  အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်း တို့က ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကလောမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၅၁)စု အတွက် ကိုဗစ်-၁၉ ရောဂါကာလ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စု (၅၇၀၃) စုအား တစ်အိမ်ထောင်စုလျှင် (၂၀၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေစုစုပေါင်းကျပ် (၁၁၄,၀၆၀,၀၀၀) သိန်းကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)