ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း ကွမ်းလုံမြို့နယ် ပြည်သူ့ဆေးရုံ နှစ်ထပ်လူနာဆောင် ဆောက်လုပ်မှုအား ကြည့်ရှုစစ်ဆေး

ကွမ်းလုံ  မတ်  ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေမှုနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ယနေ့နံနက် ၉ နာရီက ကြည့်ရှုအားပေးပြီး ညစာကြည့်ဝိုင်းဖွင့်လှစ်၍ အချိန်ပိုသင်ကြားပေးခဲ့သော ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေ (၂၁)သိန်း ပေးအပ်ခဲ့သည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက ကွမ်းလုံမြို့နယ် ပြည်သူ့ဆေးရုံ ခွဲစိတ်ခန်းပါ နှစ်ထပ်လူနာဆောင် မြေသန့်ပန္နက်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်ရာ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျနှင့် မြို့မိမြို့ဖ ဦးစိုးလှအေးတို့က မြေသန့်ပန္နက်တင် ဆောင်ရွက်ပြီး ခွဲစိတ်ခန်းပါ နှစ်ထပ်လူနာဆောင် ဆောက်လုပ်မည့် အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

မိုင်းခိုင်ဇော်(ကွမ်းလုံ)