ပင်လောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆို

ပင်လောင်း    မတ်     ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာန(၁၀)ခုတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုရာတွင် ပျက်ကွက်သူမရှိကြောင်း သိရသည်။

ပင်လောင်းမြို့နယ်အတွင်း စာစစ်ဌာနများတွင် ဖြေဆိုရန် စာရင်းပေးသွင်းထားသော ကျောင်းသား ၁၆၉၅ ဦး၊ ကျောင်းသူ ၂၆၀၃ ဦး စုစုပေါင်း ၄၂၉၈ ဦးရှိပြီး မြန်မာစာဘာသာရပ်ကို ၄၁၀၄ ဦး ဝင်ရောက်ဖြေဆိုရာ ပျက်ကွက်ကျောင်းသား ၁၀၄ ဦး၊ ကျောင်းသူ ၉၀ ဦး စုစုပေါင်း ၁၉၄ ဦး ပျက်ကွက်သဖြင့် ဖြေဆိုမှုရာခိုင်နှုန်း (၉၅ ဒသမ ၄၈၆) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)