တာချီလိတ် ဩဂုတ် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးခွင့် ရရှိစေရေးနှင့် အမည်များပြည့်စုံမှန်ကန်မှုရှိစေရန် ရပ်ကွက်များတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော ဦးဆောင်သော ပူးပေါင်းအဖွဲ့များက ကွင်းဆင်း၍ ယနေ့နံနက် ၉ နာရီအချိန် က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းများ ပြုစုထုတ်ပြန်ရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအမည်များ ပါရှိရန်နှင့် ပြည့်စုံ မှန်ကန်စေရန် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲထည့်နိုင်သည့် အခွင့်အရေး ရရှိစေရန် အတွက် တစ်ပြိုင်တည်းကွင်းဆင်း၍ တစ်အိမ်တက်ဆင်းစာရင်းများကို တိုက်ဆိုင်စစ်ဆေးခြင်း ကောက်ယူခြင်းများကို ဆောင်ရွက်ခဲ့သည်။
မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အမည်များ ပါရှိစေရေးအတွက် ရွှေ့ပြောင်းလုပ်သားများ အိမ်ငှားများနှင့် ကျူးကျော်များအားလုံးပါဝင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့်အောက်တိုဘာလ ၉ ရက်နေ့တွင် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်အသိပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
ယာဆေး (ပြန်/ဆက်)