မဘိမ်း ဩဂုတ် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးကော် မတီ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အထွေထွေပိုလျှံငွေ (GRF) ဖြင့် ဆောင်ရွက် မည့် ငွေလုံးငွေရင်းလုပ်ငန်းများ တင်ဒါဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲ အချိန် က မြို့နယ်စည်ပင်သာယာရေးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညို တို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည် ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းစိန် က တင်ဒါစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးဝင်းမြတ်ကျော်မှ ရှမ်း ပြည်နယ် အထွေထွေပိုလျှံငွေ (GRF)ဖြင့် ဆောင်ရွက်မည့် ငွေလုံးငွေရင်း လုပ်ငန်း အခြေအနေများကို ရှင်းလင်းပြောကြားပြီး မြို့မရပ်ကွက်အတွင်း ဆောင်ရွက်မည့် အရှည် ၆၅၀ ပေ၊ အကျယ် ၃ ပေနှင့် အမြင့် ၃ ပေ ၆ လက်မရှိ ရေဆိုးထုတ်မြောင်းအား စိုးမိုးသူကုမ္ပဏီမှ ရန်ပုံငွေကျပ် ၂၆ ဒဿမ ၉ သန်းဖြင့် တင်ဒါအောင်မြင်ရရှိသွားကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)