ရွာငံ ဩဂုတ် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိ ၂၀၁၀ စက်တင်ဘာလမှ ၂၀၁၁ ဩဂုတ်လအတွင်း မွေးဖွားသူ မိန်းကလေးများ၊ တစ်နည်းအားဖြင့် အသက် ကိုးနှစ်မှ တစ်ဆယ်နှစ်အထိ ပြည့်ပြီးမိန်းကလေးများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ပုံမှန်ကာကွယ်ဆေးထိုးပေးလျက် ရှိသည်။
အစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး Human Papilloma Virus(HPV) ထိုးနှံခြင်းကို ၂၀၂၀ စက်တင်ဘာလ၌ အခမဲ့ထိုးနှံပေးနိုင်ရန်အတွက် လျာထားပြင်ဆင် ဆောင်ရွက်လျက်ရှိရာ အဆိုပါမိန်းကလေးများအား ကာကွယ်ဆေးထိုးနှံရာတွင် ကျန်ရှိသော မိန်းကလေးများ မရှိစေရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှု ကူညီရေးအဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း ကျန်းမာရေးလုပ်သားများ၊ မိဘများအနေဖြင့် မိမိတို့ သမီးများကို မိမိတို့နှင့် သက်ဆိုင်သော ဒေသန္တရကျန်းမာရေးဌာနများ၊ မိခင်နှင့် ကလေးကျန်းမာရေး ဌာနများ၊ တိုက်နယ်ကျန်းမာရေးဌာနများ၊ ကျေးလက်ကျန်းမာရေးဌာနများ နှင့် ကျေးလက်ကျန်းမာရေးဌာနခွဲတို့တွင် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ(၂၁)ရက်နေ့ နောက်ဆုံးထား ၍ စာရင်းပေးသွင်းနိုင်ကြရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)