ကွန်ဟိန်းမြို့၌ လူသုံးကုန် လက်တွေ့လုပ်ငန်းခွင်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ကွန်ဟိန်း    ဩဂုတ်  ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစားစက်မှု၊လက်မှုလုပ်ငန်းဦးစီးဌာန မှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီစဉ် ဖြင့် ဖွင့်လှစ်သော လူသုံးကုန်လက်တွေ့လုပ်ငန်းခွင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန် က နမ့်ပန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသက်နိုင်ဦး မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထွန်း နှင့်ရှမ်းပြည်နယ် အသေးစား စက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဒေါ်နန်းသီတာအောင် တို့က အမှာစကား ပြောကြားခဲ့သည်။ သင်တန်းဖွင့်လှစ်ရခြင်းမှာ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ပြည်သူများ နေအိမ်အတွင်း နေထိုင်ရာ၌ အိမ်တွင်းတပိုင်တနိုင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် လက်ဆေးဆပ်ပြာများ ပြုလုပ်ရောင်းချ၍ စီးပွါးရေးကုစားမှုအနေဖြင့် ဆောင်ရွက် နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး အဆိုပါသင်တန်းတွင် သင်တန်းနည်းပြ (၂)ဦး သင်ကြား ပေးသွားမည်ဖြစ်ပြီး သင်တန်းသားဦးရေ (၃၅)ဦး အား သင်တန်းကာလ  (၁၉-၈-၂၀၂၀) မှ (၂၅-၈-၂၀၂၀) ရက်နေ့ထိ(၇)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)