မိုင်းဆတ် ဩဂုတ် ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်နှင့်မြို့နယ် တည်ဆောက်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၁)နာရီအချိန် က ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ခရိုင်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင် က ခရိုင်အတွင်းရှိ ဌာနဆိုင်ရာအဆောက်အဦများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ အား အရည်အသွေးစစ်ဆေးရေးကော်မတီမှ စစ်ဆေးဆောင်ရွက်မှုများနှင့် ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှုကို စိစစ်အကဲဖြတ်ခြင်း ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်း ပြောကြား သည်။
ထို့နောက် မိုင်းဆတ်နှင့် မိုင်းတုံမြို့နယ် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ဆွေးနွေး တင်ပြခဲ့ပြီး ခရိုင်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ အတွင်းရေးမှူး လမ်းဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဇာနည်ဦး က တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက် နေသော ကုမ္ပဏီများအနေဖြင့် အရည်အသွေးစစ်ဆေးရေးကော်မတီမှ စစ်ဆေးနိုင်ရန် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပြည့်စုံမှန်ကန်စေရန်နှင့် အချိန်မီတင်ပြနိုင်ရန် တင်ပြဆွေးနွေးခဲ့ရာ ခရိုင်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင် က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)