ဘိုကလေး ဩဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ စံပြ(၁)လမ်းတွင် နေထိုင်သည့် ကလေးငယ်တစ်ဉီး သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာဖြင့် ဘိုကလေးမြို့နယ် ကုတင်(၁၀၀) ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူလျက်ရှိရာ ၎င်းနေထိုင်သည့် နေအိမ်နှင့် အနီးတစ်ဝိုက် နေအိမ်များသို့ ယနေ့ နံနက်(၁၁)နာရီတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ အဘိတ်(Abate)ဆေးများ လိုက်လံခတ်ပေးခဲ့ပြီး သွေးလွန်တုပ်ကွေးနှင့် ပတ်သတ်သည့် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ကြကြောင်းသိရသည်။
အဆိုပါ အဘိတ်(Abate) ဆေးခတ်ခြင်းလုပ်ငန်းသည် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း၊ မြို့နယ်တွင်း သွေးလုပ်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်တားဆီးရေး လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရပြီး ဘိုကလေးမြို့နယ်၊ ညီနောင်ဝကျေးရွာအုပ်စု၊ ညီနောင်လေးကျေးရွာမှ ကလေးငယ်တစ်ဦးသည်လည်း သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာများဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းဆေးရုံတွင် ဆေးကုသခံယူလျက်ရှိကြောင်း ကျေးရွာတာဝန်ရှိသူတစ်ဦးထံမှ သိရသည်၊။
မိုးစက်(ဘိုကလေး)