ဇေယျာသီရိမြို့နယ် ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်း လာရောက် ကြည့်ရှုသူ (၃၄၇၉၈) ဦးရှိ

ဇေယျာသီရိ   ဩဂုတ်   ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စုစုပေါင်း လာရောက်ကြည့်ရှုသူ (၃၄၇၉၈) ဦးရှိကြောင်း သိရသည်။          

ဇေယျာသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရပ်ကွက်/ကျေးရွာ ကော်မရှင်ရုံးများတွင် ဇူလိုင်လ ၂၅ ရက်နေ့မှစတင်ကာ မဲဆန္ဒရှင်ဦးရေ (၇၆၈၅၀) ဦး ကပ်ထားကြေညာရာ စုစုပေါင်းလာရောက်ကြည့်ရှုသူ (၃၄၇၉၈) ဦးရှိပြီး ပုံစံ-၃ ဖြင့် ပြန်လည်လျှောက်ထားသူ ၃၈၈၅ ဦး၊ ပုံစံ-၄ ဖြင့် ကန့်ကွက်/ပယ်ဖျက်သူ ဦးရေ (၁၈၁၂) ဦးနှင့် ပုံစံ-၄-ဂ ဖြင့် ပြင်ဆင်သူဦးရေ (၄၅၅၆) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌ ဦးအောင်သူစိုး ထံမှ သိရသည်။

ဇေယျာသီရိမြို့နယ်တွင် ရပ်ကွက် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၃)အုပ်စုရှိပြီး   စုစုပေါင်းမဲရုံ (၇၄)ရုံ ဆောင်ရွက်ထားရှိပြီး ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ၈ ရက်နေ့တွင်  အထွေထွေရွေးကောက်ပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အေးလင်းထွန်း(ဇေယျာသီရိ၊ ပြန်/ဆက်)