သီပေါ သြဂုတ် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးယဉ်ထွေး က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်အောင် ဆောင်ရွက်ရာ တွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအပြင် ဌာနဆိုင်ရာများမှ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းများ၊ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး က မဲဆန္ဒရှင်များ ၏ မှတ်ပုံတင်ကိစ္စများနှင့်ပတ်သက်၍ လည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက မဲဆန္ဒရှင်စာရင်းများတွင် သတ်မှတ်ပုံစံများဖြင့် ပြန်လည်ပြင်ဆင် ပယ်ဖျက်၊ ထည့်သွင်းပေးရန် လျှောက်ထားသူ များ စာရင်းကို အချိန်မီပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြ သည်။
ဆက်လက်၍ အဆိုပါ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ကူညီဆောင်ရွက်ရန် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူ များကလည်း ပူးပေါင်းကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယနေ့နံနက်ပိုင်းတွင်လည်း မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ပူးပေါင်းအဖွဲများက ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်း၍ တစ်အိမ်တက်ဆင်းစာရင်းများ တိုက်ဆိုင်စစ်ဆေးကောက်ယူခြင်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)