ဟိုပုံး ဩဂုတ် ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးခွင့်ရရှိစေရေးနှင့် အမည်များပြည့်စုံမှန်ကန်မှုရှိစေရန် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းတင့် ဦးဆောင် သော ပူးပေါင်းအဖွဲ့များ က ယနေ့မွန်းလွဲ(၁) နာရီအချိန် က မြို့ပေါ် (၆)ရပ်ကွက်သို့ ကွင်းဆင်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းများ ပြုစုထုတ်ပြန်ရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအမည်များ ပါရှိရန်နှင့် ပြည့်စုံ မှန်ကန်စေရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများအားလုံး ဆန္ဒမဲထည့်နိုင်သည့် အခွင့်အရေးရရှိစေရန် အတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်း၍ စာရင်းများကို တိုက်ဆိုင်စစ်ဆေးခြင်း ကောက်ယူခြင်း များ ဆောင်ရွက်ခဲ့ကြ ကြောင်း၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူအားလုံး၏ အမည်များပါရှိစေရေးအတွက် ရွှေ့ပြောင်းလုပ်သားများ/ အိမ်ငှားများနှင့် ကျူးကျော် များအားလုံးပါဝင်နိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုများ၌လည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်များပါရှိရန်နှင့် ပြည့်စုံမှန်ကန်စေ ရန် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ များအား ဆန္ဒမဲထည့်နိုင်သည့် အခွင့်အရေးရရှိစေရန်အတွက် ဆက်လက်ကွင်းဆင်း ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)