ကျိုင်းလပ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲပေးမည့် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း စိစစ်ကွင်းဆင်းဆောင်ရွက်

ကျိုင်းလပ်      ဩဂုတ်     ၂၀

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့အတွင်း ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ တွင် မဲပေးမည့် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရေးအတွက် ဌာနဆိုင်ရာများစုပေါင်း၍ အုပ်စုဖွဲ့ကာ မဲစာရင်းနှင့် မဲဆန္ဒရှင်စာရင်း တစ်အိမ်တက်ဆင်း စိစစ်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်း က ကျိုင်းလပ် မြို့ပေါ်နှင့် ကျေးရွာအုပ်စု ၃ အုပ်စု၌ စတင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းအဖွဲ့များသည် မိမိတို့တာဝန်ကျရာ ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် မဲဆန္ဒရှင်စာရင်းများအား တစ်အိမ်ချင်း၊ တစ်အိမ်ထောင်စုချင်းစီအလိုက် မဲဆန္ဒရှင် စာရင်း အမှားအယွင်းများ၊ မဲဆန္ဒရှင်များ ပယ်ဖျက်ရန်ရှိသည်များ၊ မဲဆန္ဒရှင်စာရင်းတွင် မပါဝင် သေးသည့် မဲဆန္ဒရှင်စာရင်းများအား သေချာစွာစိစစ်ပြီး မဲစာရင်း ပြင်ဆင်ခြင်း၊ တိုးခြင်း၊ လျော့ခြင်း စသည့်လုပ်ငန်းများအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ချိတ်ဆက်၍ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် တစ်အိမ်တက်ဆင်း စတင်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် တိကျမှန်ကန်သော မဲပေးမည့် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန် ကြေညာပေးနိုင်ရန် ဩဂုတ်လ ၁၉ ရက်နေ့မှ စတင်၍ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဌာနဆိုင်ရာ များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ အုပ်စုဖွဲ့ကာ မဲဆန္ဒရှင်စာရင်းများအား တစ်အိမ်တက်ဆင်းစိစစ် ကွင်းဆင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)