ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

ဟိုပုံး   သြဂုတ်  ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကျင်းပရာ၌ အသက်(၁၈) နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ဟိုပုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၌ ယမန်နေ့နံနက် ၉ နာရီ အချိန်က နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု မဲဆန္ဒရှင်စာရင်းတွင် ပါဝင်သော်လည်း အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ၊ အသက် (၁၈) နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံး စေရေး အပြင် နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းတွင် အကွက်အပေါက်များ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဟိုပုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ သည် ကျောက်တန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၁၁)ရွာမှ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသော ပြည်သူ (၁၅၇) ဦး အား ကွင်းဆင်းဆောင် ရွက်ပေးလျက်ရှိပြီး ကျန်ရှိနေသော ရပ်ကွက်/ကျေးရွာများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)