ဆီဆိုင် ဩဂုတ် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ အစားအသောက် ထုတ်လုပ်ခြင်းနှင့် လက်လီလက်ကားရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ပြင်ဆင်ခြင်း ကဏ္ဍများရှိ ကလေးလုပ်သားစစ်တမ်းကောက်ယူခြင်းကို ယမနေ့နံနက် ၁၀ နာရီ က ကုန်းဆွတ်ကျေးရွာအုပ်စု အတွင်း၌ ကွင်းဆင်းကောက်ယူခဲ့ကြောင်း သိရသည်။
ကလေးလုပ်သားစစ်တမ်းကောက်ယူရာတွင် ဗဟိုစာရင်းအင်းအဖွဲ့ (တောင်ကြီး)မှ ဒုတိယစာရင်းအင်းမှူး ဒေါ်ဇင်မာထွန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကုန်းဆွတ်ကျေးရွာအုပ်စုအတွင်းရှိ မကောက်ကျေးရွာ၊ မဲ့တိုင်းထိုကျေးရွာ၊ မွေတော်နမ့်စစ်ကျေးရွာ၊ ပန်ကန်းလေးကျေးရွာတို့မှ ဆန်စက်ရုံများ၌ လုပ်ကိုင်လျက်ရှိသော ကလေးလုပ်သားစစ်တမ်းကို ကွင်းဆင်းကောက်ယူခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)