လွိုင်လင်ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် သက်ငယ်မုဒိန်းမှုပပျောက်ရေး ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များ ပြသထားရှိ

လွိုင်လင်    ဩဂုတ်   ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ မြေစိုက်နံရံကပ်ပြ ဘုတ် တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနှင့် သက်ငယ်မုဒိန်းမှု ပပျောက်စေရေးတို့အတွက်  ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားပေးကြောင်း သိရသည်။

အသိပညာပေးနံရံကပ်စာစောင်တွင် လူကုန်ကူးမှုများ စတင်ဖြစ်ပေါ်လာပု၊ လူကုန်ကူးခံရခြင်း၏ ဆိုးကျိုးများ၊ ထိခိုက်ဆုံးရှုံးမှုများ၊ ရွှေ့ပြောင်းသွားလာရာတွင် သတိပြုရမည့်အချက်များ၊ လူကုန်ကူးမခံရစေရန် ဆောင်ရန် ရှောင်ရန် အချက်များ၊ လူကုန်ကူးမှုနှင့်သက်ငယ်မုဒိန်းမှု့ ပပျောက်စေရေးပတ်သက်သည့် ပြစ်မှု၊ ပြစ်ဒဏ်များနှင့် အခြားအသိပညာပေးစာစောင်များ၊ ဓာတ်ပုံများနှင့်ကာတွန်းများကို ပြသထားသည့်အပြင် နိုင်ငံတော် အကြီး အကဲများ၏ လှုပ်ရှားမှုမှတ်တမ်းပုံများ၊ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်သည်များ၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးစာစောင်များကိုလည်း ပြည်သူများ အလွယ်တကူ ကြည့်ရှုလေ့လာနိုင်ရန်အတွက် စိတ်ဝင်စားဖွယ် ပြသထားကြောင်း သိရသည်။

ဝင်းမင်းသန့်(ပြန်/ဆက်)