အိမ်မဲ သြဂုတ် ၂၀
အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ ကျောင်းသားကျောင်းသူများ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာရရှိစေရေးအတွက် ပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲများကို ယမန်နေ့နေ့လည် (၃) နာရီက ရေသိုးညောင်ဝိုင်း ကျေးရွာအုပ်စု အောင်သိပ္ပံ လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင် က မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးမှု ဖြစ်ပွားမှုအခြေအနေများ၊ တိုင်းနှင့်ပြည်နယ်အလိုက် လူကုန်ကူးမှု ဖြစ်ပွားသည့် ရာခိုင်နှုန်းများ၊ မိမိဒေသအတွင်း လူကုန်ကူးမှုခံရသည့် အန္တရာယ်မှ ကင်းဝေးစေရန်အတွက် လူကုန်ကူး သတိပြုရမည့်သူများ၊ လူကုန်ကူးမှု ကျူးလွန်ပါက ပြစ်ဒဏ်များကို အသိပညာပေး ဟောပြောခဲ့ပါသည်။
ထို့နောက် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ နံရံကပ်စာစောင် ဓာတ်ပုံပြခန်းများပြသခြင်း၊ ယခုကာလ ပြည်သူများ သိသင့်သည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သတ်၍ အနုပညာရှင်များ၏ ရင်တွင်းစကားသံများ ပြသခဲ့ရာ အောင်သိပ္ပံလူငယ်ဖွံ့ဖြိုးရေး ပရဟိတ ကျောင်းမှ ပြည်သူများနှင့် ကျောင်းသားများက စိတ်၀င်းစားစွာ လာရောက် ကြည့်ခဲ့ကြပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်မှ ခင်းကျင်းပြသထားသော သုတရသစာအုပ်များကို ပြည်သူများ၊ ကျောင်းသားများအား ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ဌေးဌေးလှိုင်(အိမ်မဲ၊ပြန်/ဆက်)