မရမ်းကုန်း သြဂုတ် ၂၀
ရန်ကုန်အနောက်ပိုငိးခရိုင်၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ စာပေဝါသနာပါသူများ၊ စာဖတ်ဝါသနာပါသူများထံ လက်ဝယ်အရောက် စာပေဖတ်ရှုနိုင်ရန်အတွက် Mobile Library စနစ်ဖြင့် ကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက သွားရောက်ငှားရမ်းပေးခဲ့သည်။
အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို မိမိတို့စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ် ဝါသနာရှင်များ စာအုပ်၊ စာစောင်များ ဖတ်ရှုမှုပိုမို မြင့်မားလာစေရန်အတွက် မြို့နယ်သမဝါယမ အရောင်းဆိုင်သို့ သွားရောက် ငှားရမ်း ခြင်း ဆောင်ရွက်ခဲ့သည်။ ထို့သို့ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို နှစ်ပါတ်လျှင် ၁ ကြိမ် အသစ် လဲလှယ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယဉ်မော်(ပြန်/ဆက်)