ဒေးဒရဲ ဩဂုတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ယနေ့နံနက် ၁၀ နာရီက စတင်ပြသခဲ့သည်။
လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေး နံရံကပ်စာစောင်များ၌ လူကုန်ကူးမှုကျူးလွန်သူများ ပြုလုပ်သည့် နည်းလမ်းများ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေသော ဆိုးကျိုးများ၊ လူကုန်ကူးမခံရစေရန် သတိပြုရမည့်အချက်များ၊ လူကုန်ကူးသူများ၏ လူစုဆောင်း သည့် နည်းလမ်းများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသည့် လူကုန်ကူးမှု အမျိုးအစားများ၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေနှင့် ပတ်သတ်သည့် ပြစ်ဒဏ်များ၊ အသိပေးတိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များအား ပြည်သူများလေ့လာသိရှိစေရေး အသိပညာပေး ပြသထားကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)