မူဆယ် ဩဂုတ် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ သစ္စာစီမံချက်ဖြင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၄ ရွာမှ လူဦးရေ စုစုပေါင်း ၄၃၁ ဦးအတွက် ဩဂုတ် ၁၆ ရက်မှ စတင်ပြီး နိုင်ငံသားစိစစ်ရေးကတ်နှင့် မဲဆန္ဒရှင်စာရင်းတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် ပါရှိနိုင်ရန်အတွက် ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်ပေးသည်။
“အခုကွင်းဆင်းစိစစ်မှုတွေ ဆောင်ရွက်နေတဲ့ ကျေးရွာတွေဟာဆိုရင် ကွတ်ခိုင်မြို့နယ်အတွင်းက သွားလာရေးခက်ခဲတဲ့ ကျေးရွာတွေကို ဦးစားပေးပြီး နိုင်ငံသားစိစစ်ရေးကတ်နဲ့ မဲဆန္ဒရှင်စာရင်းမှာ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်ပါရှိဖို့အတွက် ကွင်းဆင်းတာဖြစ်ပါတယ်။ လမ်းခရီးခက်ခဲမှုတွေ ရှိတဲ့ ကျေးရွာက ပြည်သူတွေအနေနဲ့ မြို့ပေါ်ကိုလာရောက်ပြီး စိစစ်မှုတွေ လုပ်မယ်ဆိုရင် သူတို့အတွက် အချိန်ကြန့်ကြာမှုတွေရှိမယ်၊ ပြီးရင် စိစစ်တာတွေကို တစ်နေရာတည်းမှာ တစုတစည်းနဲ့လုပ်တော့ လျက်လျင်မြန်မြန်နဲ့ အချိန်တိုအတွင်းမှာ ဆောင်ရွက်နိုင်ဖို့ ရည်ရွည်ပြီး ကွင်းဆင်းတာဖြစ်တယ်” ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
အဆိုပါ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် မဲဆန္ဒရှင်စာရင်းတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြား အမှတ်ပါရှိနိုင်ရေး ကွင်းဆင်းစီမံချက်လုပ်ငန်းကို ကွတ်ခိုင်မြို့နယ်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စန်းဦးနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့များနှင့် OSS အဖွဲ့ဝင်များ ပူးပေါင်း၍ ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် မဲဆန္ဒရှင်စာရင်းတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်ပါရှိနိုင်ရန် ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်သည့်အပြင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် မဲစာရင်းများကို နယ်မြေဒေသအရောက် စိစစ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
မိုင်းဘဉာဏ်(ပြန်/ဆက်)