မိုင်းငေါ့ ဩဂုတ် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်း မြစိမ်းရောင်ခန်းမတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျောက်မဲမြို့နယ် ကြက်ခြေနီအသင်းခွဲမှ မြို့နယ်တပ်ဖွဲ့မှူး ဦးဖြိုးပြည့်ကျော်နှင့် အဖွဲ့မှလာရောက်၍ ယမန်နေ့နေ့လည် (၂)နာရီအချိန် က မိုင်းအန္တရာယ်အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကြက်ခြေနီအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ဦးချမ်းမြေ့အောင် ဒုမြို့နယ် တပ်ဖွဲ့မှူးက လည်းကောင်း၊ မိုင်းနှင့်စစ်လက်နက် အကြွင်းအကျန်အန္တရာယ်ခေါင်းစဉ်ဖြင့် ဒေါ်လွေးဥမ္မာလိူင် (ဒု-တပ်ခွဲမှူး)က လည်းကောင်း အသီးသီးဆွေးနွေး ဟောပြောခဲ့ကြသည်။ အဆိုပါဟောပြေပွဲသို့ တက်ရောက်လာသော ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးခဲ့ပြီး မိုင်းအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။ ဆက်လက်၍ မိုင်းနှင့်စစ်လက်နက် အကြွင်းအကျန်အန္တရာယ် သတိပေးဆိုင်းဘုတ်ကို မြို့နယ်တပ်ဖွဲ့မှူး ဦးဖြိုးပြည့်ကျော် က စိုက်ထူပေးခဲ့သည်။
အလားတူ တာလုံရပ်ကွက် သီရိမင်္ဂလာဓမ္မာရုံ ကျောင်းတိုက်၌ မိုင်းအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ဆက်လက်ပြုလုပ်ဆောင်ရွက်သွားကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့၊ပြန်/ဆက်)