မန်ကန်မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်ပြဘုတ်အား ဒေသခံပြည်သူများ လာရောက်ကြည့်ရူ

မန်ကန်    သြဂုတ်    ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့တွင် ပြသထားသော လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်ပြဘုတ်အား ဒေသခံပြည်သူများ လာရောက်ကြည့်ရှုခဲ့သည်။

အဆိုပါပြဘုတ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးစာစောင်များ၊ ကာတွန်း များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေများ၊ လူကုန်ကူးမှုကျူးလွန်ပါက ခံရမည့် ပြစ်မှုနှင့်ပစ်ဒဏ်များ၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့၏ (Hot Line) ဖုန်းနံပါတ်များ၊ ဆက်သွယ်အကူညီတောင်းနိုင်သည့် ဖုန်းနံပါတ်များနှင့် အခြားပညာပေးနှိုးဆော်စာများကို ခင်းကျင်း ပြသထားပါသည်။ ပြဘုတ်များပြသခြင်းအပြင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇင်ထက်(ပြန်/ဆက်)