ပြင်ဦးလွင် ဩဂုတ် ၂၁
ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များလက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီမှစ၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေးရာတွင် ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ်ဝါသနာပါသူများ ဖတ်ရှုလေ့လာနိုင်စေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာစေရန်ရည်ရွယ်၍ မြို့နယ်လျှပ်စစ်ရုံး၊ ခရိုင်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြေတိုင်းကျောင်း၊ မြန်မာ့စီးပွားရေးဘဏ်များသို့ သွားရောက်ငှားရမ်းပေးခဲ့သည်။
အဆိုပါ စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ တစ်ပတ်လျှင် (၁) ကြိမ် အလှည့် ကျအသစ်လဲလှယ်ဌားရမ်းခြင်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြတ်ဆုမွန်