သီပေါ မတ် ၁၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အာဖရိက ဝက်အပြင်းဖျားရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် ကောင်းမွန်သော ဝက်မွေးမြူရေးကျင့်စဉ်များ အသိ ပညာပေးခြင်းကို သီပေါမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲအချိန်က သီပေါမြို့နယ်၊ ပန်မိတ်ကျေးရွာအုပ်စု၊ ပန်မိတ်ကျေးရွာနှင့် ပန်ညုကျေးရွာများတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
သီပေါမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာအုန်းအုန်းမြင့်က အာဖရိက ဝက်အပြင်းဖျားရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် ပတ်သက်၍ လည်းကောင်း၊ ကောင်းမွန်သော ဝက်မွေးမြူ ရေးကျင့်စဉ်များအကြောင်းကိုလည်းကောင်း၊ ဝက်များတွင် ဖြစ်တတ်သော ရောဂါများအကြောင်းကိုလည်း ကောင်း၊ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်းကောင်း အသိပညာပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ကာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်းနှင် ကျန်ရှိနေသော ရပ်ကွက်၊ ကျေးရွာများသို့လည်း အသိပညာပေးဆွေးနွေး ဟောပြောခြင်း များကို ဆက်လက်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေး(မြို့နယ်ပြန်/ဆက်)