ကျောင်းကုန်း၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်းဆွေးနွေး

ကျောင်းကုန်း    သြဂုတ်   ၂၁

ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club)အသင်းက စာရေးဆရာဖေမြင့် ရေးသားသော "တန်ဖိုးထားအပ်သောအရာများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချိုမာထွန်းက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား ခဲ့ပြီး၊ Book Club အသင်းဝင် ဒေါ်ညွန့်ညွန့်အေးက "တန်ဖိုးထားအပ်​သောအရာများ"၊ ဦးအောင်ထွဋ်ခေါင်က" အဆုံးအဖြတ်​ပေးတတ်တဲ့လူ"၊ ဦးပိုင်သော်ဇင်ဝင်းက "ဘာကိုယုံ ကြည်ကြမည်လဲ"​ ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေဝါသနာရှင်များက တစ်ဦးခြင်းအလိုက် မိမိတို့၏အမြင်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)